JFL Reading သင်ခန်းစာလမ်းညွှန်

Lesson 2/5 | Study Time: 5 Min

JFL Reading သင်ခန်းစာလမ်းညွှန်

★သင်ခန်းစာများ မစတင်မီ သေချာစွာ ကြိုတင်ဖတ်ရှုပါရန်။


၁။ သင်ခန်းစာများမှာ အောက်ပါအတိုင်း အပိုင်း (၂) ပိုင်း၊ Video ( ) ပုဒ် ကို အစဉ်အတိုင်း လေ့လာသွားရန် ဖြစ်ပါသည်။


①解き方のポイント

သတ်မှတ်ထားသောအချိန်အတွင်း အဖြေမှန်ကို မြန်မြန်ရနိုင်ရန် မေးခွန်းဖြေနည်းများကို လေ့ကျင့်ပါမည်။ အပိုင်းလိုက် 例題 (၅) ပုဒ်နှင့် တစ်ပိုင်းလျှင် 練習 (၅) ပုဒ်စီ၊ စုစုပေါင်း မေးခွန်း အပုဒ် (၃၀) ပါဝင်ပါသည်။ စာမေးပွဲအတွက် မဖြစ်မနေ လေ့လာသွားရမည့် သင်ခန်းစာဖြစ်ပါသည်။


②実践練習

စာမေးပွဲမေးခွန်းပုံစံအတိုင်း မေးခွန်းအမျိုးအစားအလိုက်ခွဲ၍ လေ့ကျင့်ပါမည်။ အပုဒ်တို၊ အပုဒ်လတ်၊ အပုဒ်ရှည်၊ စုစုပေါင်း မေးခွန်း (၃၅) ပုဒ် ပါဝင်ပါသည်။ 


၂။ လေ့ကျင့်ခန်း(練習)မေးခွန်းများကို မိမိကိုယ်တိုင် လေ့ကျင့်အဖြေရှာပြီးမှ အဖြေတိုက်သည့်ပုံစံဖြင့် သင်ခန်းစာများကို လေ့လာသွားရန် တိုက်တွန်းပါသည်။


၃။ အချိန်နှင့်တိုက်ပွဲဝင်ရသော စာမေးပွဲဖြစ်သည့်အတွက် ယခုသင်တန်းတွင် မှန်မှန်နှင့် မြန်မြန်ဖြေနိုင်ရန်ကိုသာ လေ့ကျင့်ပါမည်။ အဖြေရရန် လိုအပ်သော နေရာကိုသာ ဖတ်မည်ဖြစ်ပြီး၊ တစ်ပုဒ်လုံးကို အစအဆုံးဖတ်ပြသော စာဖတ်အတန်းမဟုတ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါသည်။


လေ့ကျင့်ခန်းစာအုပ်များ

ယခုအတန်းအတွက် ဈေးကွက်တွင် ဖြန့်ချိနေသော ဖတ်စာအုပ်များကို အသုံးပြုထားခြင်း မရှိပါ။ သီးသန့်ဖန်တီးထားသော သင်ခန်းစာဖိုင်များကို Download လုပ်နိုင်ရန် တင်ပေးထားပါသည်။ ထပ်မံလေ့ကျင့်လိုသူများအနေဖြင့် အောက်ပါစာအုပ်များကို မိမိအစီအစဉ်ဖြင့် ဝယ်ယူလေ့လာနိုင်ပါသည်။

日本留学試験(EJU)模試と解説 読解・記述』アスク

日本留学試験(EJU)模擬試験 日本語記述・読解』日販アイ・ピー・エス

日本留学試験(EJU)対策 模擬試験問題集 日本語 記述・読解』行知学園


ကိုးကားစာအုပ်များ

アークアカデミー[著](2024)『EJU日本留学試験読解ポイント&プラクティス』スリーエーネットワーク