JFL Writing သင်ခန်းစာလမ်းညွှန်

Lesson 1/5 | Study Time: 5 Min
JFL Writing သင်ခန်းစာလမ်းညွှန်

JFL
Writing
သင်ခန်းစာလမ်းညွှန်

★သင်ခန်းစာများ မစတင်မီ သေချာစွာ ကြိုတင်ဖတ်ရှုပါရန်။


၁။ သင်ခန်းစာများမှာ အောက်ပါအတိုင်း အပိုင်း (၄) ပိုင်း၊ Video
(၁၅)
ပုဒ်
ကို အစဉ်အတိုင်း လေ့လာနိုင်ပါသည်။

 

①アカデミック・スタイル

စာဆန်သော အသုံးအနှုန်း
သင်ခန်းစာ
ဖြစ်ပါသည်။ စာရေးသားရာတွင် အပြောစကားများကို လုံးဝမသုံးရဘဲ စာဆန်သော
အသုံးအနှုန်းများကို
အသုံးပြုရပါမည်။ ရှင်းပြရုံသက်သက်မဟုတ်ဘဲ လေ့ကျင့်ခန်းများနှင့်တကွ လမ်းညွှန်ထားပါသည်။

 

②言語表現の整理

အရေးအသားပိုင်းဆိုင်ရာ
သင်ခန်းစာဖြစ်ပါသည်။
意見文 ရေးရာတွင်
သတိထားရမည့် မှားတတ်သော အရေးအသားပုံစံများကို မှန်မှန်ကန်ကန် ရေးနိုင်စေရန် လေ့ကျင့်ခန်းများနှင့်တကွ
လေ့လာကြပါမည်။

 

③パラグラフ・ライティング

စာပိုဒ်‌ရေးသားနည်း
သင်ခန်းစာဖြစ်ပါသည်။
မိမိအမြင်ကို အထောက်အထားနှင့်တကွ တင်ပြနိုင်မှ စာမေးပွဲတွင် အမှတ်ကောင်းကောင်း ရပါသည်။
တိကျခိုင်မာသော စာတစ်ပိုဒ်/ စာတစ်ပုဒ်ဖြစ်အောင် မည်သို့ရေးသားရမည်ကို သင်ကြားထားပါသည်။

 

④試験対策

စာမေးပွဲလမ်းညွှန်
သင်ခန်းစာဖြစ်ပါသည်။
မေးခွန်းပုံစံနှင့် အမှတ်ပေးစည်းမျဉ်း၊ အကွက်စာရွက်အသုံးပြုပုံမှစ၍ မည်သည့်မေးခွန်းကို
မည်သို့ဖြေရမည်ကို စနစ်တကျ လေ့လာရပါမည်။ နမူနာရေးသားနည်းများအပြင် မိမိကိုယ်တိုင်ရေးကျင့်နိုင်ရန်
နမူနာမေးခွန်းများလည်း တင်ထားပေးမည်ဖြစ်ပါသည်။


၂။ သင်ခန်းစာများကို အစဉ်အတိုင်းလေ့လာပြီး အရေးအသားပိုင်း
လေ့ကျင့်ခန်းများကို သေချာလေ့ကျင့်စေလိုပါသည်။ လေ့ကျင့်ရေးသားထားသော စာပိုဒ်များကို
စစ်ဆေးပေးနိုင်ရန် ဆရာ့ထံ ပို့ထားနိုင်ပါသည်။ (စာစစ်ချိန် တစ်ပတ်ခန့် ကြာမြင့်နိုင်ပါသည်။)


၃။ JFL Writing သင်ခန်းစာများအတွက် PowerPoint File မပေးပါ ဂျပန်နိုင်ငံရှိ သင်တန်းသားများအနေဖြင့် အောက်ပါဖတ်စာအုပ်ကို မဖြစ်မနေ ဝယ်ယူထားရန် လိုအပ်ပါသည်။ မိမိကိုယ်တိုင် မှတ်စုလိုက်မှတ်ရမည့်အပိုင်းများလည်း ပါဝင်ပါသည်။

・伊集院郁子・高野愛子(2023)『日本語を学ぶ人のためのアカデミック・ライティング講座』アスク


ကိုးကားစာအုပ်များ

アークアカデミー[著](2024)『EJU日本留学試験記述ポイント&プラクティス』スリーエーネットワーク

伊集院郁子・高野愛子(2023)『日本語を学ぶ人のためのアカデミック・ライティング講座』アスク

甲田直美(2025)『大学で学ぶアカデミック・ライティングの教科書』ひつじ書房







田中真理・阿部新(2019)『Good Writingへのパスポート』くろしお出版