About
Main Instructor: ZIN
တိုကျိုနိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဂျပန်အစိုးရပညာတော်သင်များအတွက် ဖွင့်လှစ်ထားသော တစ်နှစ်တာ တက္ကသိုလ်ဝင်ခွင့်သင်တန်း (2024 Batch)ကို တက်ရောက်ခဲ့ပါသည်။ Academic Japanese နှင့်အတူ ပထဝီ၊ သမိုင်း၊ ပြည်သူ့နီတိ စသည့် လူမှုရေးဘာသာရပ်များကို လေ့လာခဲ့ပါသည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစပြီး မိမိသင်ယူထားသော အသိပညာကို မြန်မာကျောင်းသားထံ ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်ပြီး EJU JFL နှင့် J&W အတန်းများကို ဖွင့်လှစ်ပိုချခဲ့ပါသည်။
သင်တန်းကာလ ပထမတစ်နှစ်အတွင်း J&W အမှတ်ပြည့် ၂၀၀ တွင် ၁၈၉ မှတ် (၁) ဦး၊ ၁၅၀ ကျော် (၇) ဦး၊ JFL Reading အမှတ်ပြည့် ၂၀၀ တွင် ၁၇၄ မှတ် (၁) ဦး၊ ၁၅၀ ကျော် (၆) ဦးအထိ မွေးထုတ်ပေးနိုင်ခဲ့ပါသည်။ EJU စာမေးပွဲအမှတ်ကောင်းသဖြင့် JASSO Scholarship ရရှိသူများ ပေါ်ထွက်ခဲ့သလို၊ ထူးချွန်တပည့်များထဲမှ University of Tsukuba နှင့် Shizuoka University ကဲ့သို ဂုဏ်သတင်းကြီးမားသော နိုင်ငံပိုင်တက္ကသိုလ်ကြီးများတွင် ဝင်ခွင့်ရရှိသူများလဲ ပေါ်ထွက်ခဲ့ပါသည်။
Affordable and Quality Education
Brought to You by A Daffodil's Diary