EJU Japan and the World (総合科目)
in EJU Course ( Examination for Japanese University Admission)About this course
EJU Japan and the World (J&W)
Japan and the World သည် ဂျပန်တက္ကသိုလ်များတွင် ဝိဇ္ဇာပိုင်းမေဂျာများသို့ တက်ရောက်ရန် စီစဉ်ထားသော ကျောင်းသားများအတွက် အရေးကြီးသော လူမှုရေးဘာသာရပ်တစ်ခု ဖြစ်ပါသည်။ ဤဘာသာရပ်တွင် ပထဝီ၊ သမိုင်း၊ နိုင်ငံရေး၊ စီးပွားရေး စသည့် အကြောင်းအရာများကို လေ့လာရပြီး၊ ဂျပန်နိုင်ငံနှင့် ကမ္ဘာ့အခြေအနေများ နှစ်မျိုးလုံးကို ခြုံငုံ၍ နားလည်နိုင်ရန် ရည်ရွယ်ထားပါသည်။
ဤသင်တန်းတွင် EJU J&W တွင် မေးလေ့ရှိသော အဓိကခေါင်းစဉ်များကို စနစ်တကျ လေ့လာနိုင်မည်ဖြစ်သည်။ စာမေးပွဲတွင် သင်ထားသောအကြောင်းအရာများထဲမှသာ မေးမည်ဟု အပြည့်အဝ အာမခံနိုင်ခြင်း မရှိသော်လည်း၊ အကြောင်းအရာပိုင်းကို အတတ်နိုင်ဆုံး ပြည့်စုံစွာ ထည့်သွင်းထားသောကြောင့် သေချာစွာ လေ့လာကျက်မှတ်နိုင်သော ကျောင်းသားများအနေဖြင့် အမှတ်ကောင်းကောင်းရရှိရန် အထောက်အကူပြုမည့် သင်တန်းဖြစ်ပါသည်။
သင်ခန်းစာများသည် စုစုပေါင်း နာရီ ၅၀ ကျော် ပါဝင်ပြီး၊ ဂျပန်နိုင်ငံရှိ သင်တန်းကျောင်းများတွင် တစ်ပတ်လျှင် ၂ ကြိမ်၊ တစ်ကြိမ်လျှင် ၁ နာရီခွဲခန့်ဖြင့် ၁၅ ပတ်ခန့် တက်ရသော သင်တန်းပမာဏနှင့် ညီမျှပါသည်။ ဤသင်တန်း၏ ထူးခြားချက်မှာ ဖတ်စာအုပ်တစ်အုပ်တည်းကို အခြေခံ၍ သင်ကြားခြင်းမဟုတ်ဘဲ၊ ကိုယ်ပိုင်မှတ်စုများကို အခြေခံကာ အကြောင်းအရာများကို နားလည်လွယ်အောင် စီစဉ်ထားခြင်း ဖြစ်ပါသည်။ ထို့အပြင် TUFS JLC တွင် 『ハイレベル総合科目』 ရေးသားသူ 伊佐治先生 ထံမှ သင်ယူခဲ့သော အတွေ့အကြုံများကိုလည်း လိုအပ်သလို မျှဝေထားပါသည်။
သင်ခန်းစာများတွင် အကြောင်းအရာကို ပိုမိုမြင်သာစေရန် သင်ထောက်ကူရုပ်ပုံများ၊ မြေပုံများ၊ YouTube ဗီဒီယိုများနှင့် ရှင်းလင်းချက်များကိုလည်း ဖြည့်စွက်အသုံးပြုထားပါသည်။ ထို့ကြောင့် ကျောင်းသားများသည် အလွတ်ကျက်မှတ်ခြင်းသာမက၊ အကြောင်းအရာ၏ နောက်ခံနှင့် ဆက်စပ်မှုများကိုပါ နားလည်နိုင်မည် ဖြစ်ပါသည်။
သင်ခန်းစာအစီအစဉ်သည် အောက်ပါစာအုပ်ရှိ ခေါင်းစဉ်များကို အခြေခံထားသောကြောင့်၊ ဖတ်စာအုပ်အဖြစ် ကိုင်ဆောင်လိုပါက ဝယ်ယူထားနိုင်ပါသည်။ သို့သော် သင်တန်းတွင် အဓိကအသုံးပြုမည်မှာ ကိုယ်ပိုင်မှတ်စုများ ဖြစ်ပါသည်။
အသုံးပြုနိုင်သော ရည်ညွှန်းစာအုပ်
伊佐治康成(2024)『日本留学試験対策問題集ハイレベル総合科目[改訂第三版]』アスク
FAQ
民主主義の基本原理(Part 1)
民主主義の基本原理(Part 2)
世界の政治体制(Part 1)
世界の政治体制(Part 2)
世界の政治体制(Part 3)
世界の政治体制(Part 4)
世界の政治体制(Part 5)
世界の政治体制(Part 6)
日本国憲法(Part 1)
日本国憲法(Part 2)
日本国憲法(Part 3)
日本国憲法(Part 4)
日本の統治機構(Part 1)
日本の統治機構(Part 2)
日本の統治機構(Part 3)
日本の統治機構(Part 4)
日本の統治機構(Part 5)
日本の統治機構(Part 6)
日本の統治機構(Part 7)
政党と政党政治(Part 1)
政党と政党政治(Part 2)
現代政治の諸問題(Part 1)
現代政治の諸問題(Part 2)
現代政治の諸問題(Part 3)
経済体制(Part 1)
経済体制(Part 2)
経済体制(Part 3)
経済循環と現代の企業(Part 1)
経済循環と現代の企業(Part 2)
経済循環と現代の企業(Part 3)
市場と価格(Part 1)
市場と価格(Part 2)
国民所得と景気変動(Part 1)
国民所得と景気変動(Part 2)
金融政策(Part 1)
金融政策(Part 2)
財政政策(Part 1)
財政政策(Part 2)
日本経済の歩み(Part 1)
日本経済の歩み(Part 2)
日本経済の歩み(Part 3)
日本経済の歩み(Part 4)
日本経済の歩み(Part 5)
日本経済の諸問題(Part 1)
日本経済の諸問題(Part 2)
国際経済①貿易と為替(Part 1)
国際経済①貿易と為替(Part 2)
国際経済②国際経済の仕組み(Part 1)
国際経済②国際経済の仕組み(Part 2)
国際経済②国際経済の仕組み(Part 3)
地球儀と地図(Part 1)
地球儀と地図(Part 2)
世界の地理的環境(Part 1)
世界の地理的環境(Part 2)
世界の地理的環境(Part 3)
世界の資源と産業(Part 1)
世界の資源と産業(Part 2)