About
(၁) Profile
အမည် : ရဲခွန်(YE LINN OO) (Founder & Lead Instructor)
Professional Driving Certification Training(SSW Driving) & Motivational Coaching.
အတွေ့အကြုံ : 2019ခုနှစ် BE ITနဲ့ကျောင်းပြီးပြီး၊ 2019 ခုနှစ်မှာ ဂျပန်နိုင်ငံကို Scholarship Program နဲ့ Global IT နဲ့ ဂျပန်မှာ Collageပြီးခဲ့ပါတယ်။
လက်ရှိဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးဖြစ်ပြီး နိုင်ငံတကာအဆင့်မီလုပ်ငန်းခွင်စည်းကမ်းများနှင့် ကျွမ်းကျင်မှုပိုင်းဆိုင်ရာအသိပညာများကိုကိုယ်တိုင်လေ့လာဆည်းပူးထားသူဖြစ်သည်။ လက်ရှိတွင်မြန်မာလူငယ်များအတွက် ဂျပန်ရဲ့Life Style Influencer တစ်ယောက်အနေနဲ့အပြင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု Professional ယာဉ်မောင်းလက်မှတ်(Tokutei Ginou Truck, Taxi, Bus) ရရှိရေးအတွက် Online မှတစ်ဆင့်စနစ်တကျလေ့ကျင့်သင်ကြားပေးလျက်ရှိသည်။
(၂) Nexlynk မှာ ဖွင့်လှစ်ထားတဲ့သင်တန်းမိတ်ဆက်
သင်တန်းအမည် : Tokutei Ginou Driving Coach (Truck, Bus & Taxi Certification)
သင်တန်းအကြောင်းအရာ :
ဒီသင်တန်းကတော့မိမိကိုယ်ကိုယ်တိုးတက်ချင်တဲ့လူငယ်တွေအတွက်ဂျပန်မှာအသက်မွေးဝမ်းကျောင်းလုပ်ငန်းခွင်မှာတကယ့်ကိုအသုံးဝင်မယ့် Professional Tokutei Ginou ယာဉ်မောင်းလက်မှတ်တွေရရှိဖို့ရည်ရွယ်ပါတယ်။
ကုန်တင်ယာဉ် (Truck),ဘတ်စ်ကား(Bus) နှင့် တက္ကစီ (Taxi) မောင်းနှင်ခြင်းဆိုင်ရာသီအိုရီပိုင်းများ။
နိုင်ငံတကာအဆင့်မီယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာဗဟုသုတများ။
စာမေးပွဲဖြေဆိုရာတွင်သိထားသင့်သည့်အချက်အလက်များနှင့် နည်းဗျူဟာများ။ စတာတွေကိုအခြေခံကစပြီး နားလည်လွယ်အောင် Video Lesson များဖြင့်သင်ကြားပေးသွားမည့်သင်တန်းဖြစ်ပါသည်။
(၃) အမှာစကား
"လူတစ်ယောက်ရဲ့ဘဝမှာကျွမ်းကျင်မှုအတတ်ပညာ (Skill) တစ်ခုခုရှိနေခြင်းကဘယ်တော့မှအရှုံးမရှိပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်းပြည်ပမှာအလုပ်လုပ်ရင်း အခက်အခဲပေါင်းစုံကြားကနေဒီပညာရပ်တွေကိုလေ့လာခဲ့ရတာပါ။ အခုတော့ကျွန်တော်သိထားတဲ့အတွေ့အကြုံနဲ့ နည်းလမ်းတွေကိုညီအစ်ကိုမောင်နှမတွေအချိန်ကုန်သက်သာစေဖို့နဲ့ အလုပ်အကိုင်အခွင့်အလမ်းကောင်းတွေရရှိဖို့အတွက် Nexlynk နဲ့ ပူးပေါင်းပြီးဒီသင်တန်းကိုဖန်တီးလိုက်တာဖြစ်ပါတယ်။ စိတ်ပါဝင်စားမှုရှိရုံနဲ့တင် မလုံလောက်ဘဲ စနစ်တကျလေ့လာသင်ယူမယ်ဆိုရင်သင်တို့ရဲ့အနာဂတ်က အခုထက်ပိုတောက်ပလာမှာသေချာပါတယ်။ အားလုံးပဲ သင်တန်းမှာတွေ့ကြမယ်နော်။"