SSWバス運送業 (ဂျပန်ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်း (ကျွမ်းကျင်လုပ်သား) အတန်း)
in Tokutei (Specified Skilled Worker)About this course
ဂျပန်နိုင်ငံဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်း (ကျွမ်းကျင်လုပ်သား) သင်တန်း
(စုစုပေါင်း ၇ နာရီကြာ အွန်လိုင်းဗီဒီယိုသင်တန်း / Total: 7 Hours Video Course)
ဤသင်တန်းသည်ဂျပန်နိုင်ငံတွင်ဘတ်စ်ကားယာဉ်မောင်း (Specified Skilled Worker - SSW) အဖြစ်လုပ်ကိုင်လိုသူများအတွက်လိုအပ်သောအသိပညာများကို 公益社団法人 日本バス協会 (Japan Bus Association) ၏တရားဝင်သင်ရိုးညွှန်းတမ်းစာအုပ် (外国人向け学習用テキスト) အတိုင်းတိကျမှန်ကန်စွာသင်ကြားပေးမည့် သင်တန်းဖြစ်ပါသည်။
သင်ရိုးညွှန်းတမ်း
၁။ 運行編 - ယာဉ်မောင်းနှင်မှုနှင့် ယာဉ်စည်းကမ်းပိုင်း
ဂျပန်နိုင်ငံ၏လမ်းမကြီးများပေါ်တွင်ဘတ်စ်ကားတစ်စီးကိုစနစ်တကျမောင်းနှင်ရန်နှင့် ယာဉ်မောင်းသူတစ်ဦးလိုက်နာရမည့် ဥပဒေ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာအခြေခံများကို သင်ကြားပေးပါမည်။
အခြေခံစိတ်ဓာတ်၊ မီးပွိုင့်နှင့် လမ်းညွှန်အချက်ပြမှုများ (基本的な心構え・信号等)
လမ်းပေါ်ရှိလမ်းလျှောက်သူများနှင့် အခြားယာဉ်မောင်းများအပေါ် စာနာထောက်ထားမှု၊ ယာဉ်မောင်းတစ်ဦး၏တာဝန်။
ဘတ်စ်ကား၏ 死角 (အမြင်ကွယ်ရာနေရာများ) နှင့် 内輪差 (ကွေ့သည့်အခါရှေ့ဘီးနှင့် နောက်ဘီးလမ်းကြောင်းကွာဟချက်) စသည့်ယာဉ်၏ဝိသေသလက္ခဏာများ။
ဂျပန်နိုင်ငံရှိ မီးပွိုင့်အချက်ပြမှုများ၊ ရဲအရာရှိများ၏ ညွှန်ကြားချက်များနှင့် လမ်းပေါ်တွင်လုံးဝမပြုလုပ်ရမည့်တားမြစ်ချက်များ။
ဘတ်စ်ကား ဦးစားပေးစည်းကမ်း (路線バス等の優先): မှတ်တိုင်မှ ထွက်ခွာမည့်ဘတ်စ်ကားကိုဦးစားပေးရမည့် ဥပဒေနှင့် ဘတ်စ်ကားသီးသန့်လမ်းကြောင်း (Bus Lanes) ဆိုင်ရာ စည်းမျဉ်းများ။
မောင်းနှင်မှုအကြိုစစ်ဆေးခြင်းနှင့် လိုင်စင်စနစ် (自動車の点検・運転免許)
ယာဉ်မောင်းလိုင်စင်စနစ် (運転免許の仕組み): ဘတ်စ်ကားမောင်းရန်လိုအပ်သောဒုတိယအမျိုးအစားလိုင်စင် (第二種免許) အကြောင်း။
နေ့စဉ်ယာဉ်စစ်ဆေးခြင်း (自動車の点検): ခရီးမထွက်မီတာယာများ (အက်ကွဲကြောင်းနှင့် ဝက်အူရစ်များကိုတူဖြင့်ခေါက်၍စစ်ဆေးခြင်း)၊ အင်ဂျင်ဝိုင်၊ ဘရိတ်စနစ်နှင့် အရေးကြီးအစိတ်အပိုင်းများကိုနေ့စဉ်စစ်ဆေးရမည့်လုပ်ငန်းစဉ်များ။
ဘေးကင်းသောမောင်းနှင်မှုနည်းစနစ်များ (安全運転の方法)
မှန်ကန်သောမောင်းနှင်မှုအနေအထား (運転姿勢) နှင့် အန္တရာယ်ကင်းသောအရှိန်နှုန်း၊ ရှေ့ကားနှင့် အကွာအဝေးထိန်းသိမ်းခြင်း။
လမ်းကြောင်းပြောင်းလဲခြင်း (進路変更)၊ လမ်းဆုံလမ်းခွများဖြတ်သန်းခြင်း (交差点の通り方) နှင့် 踏切 (မီးရထားသံလမ်း) ကိုဘေးကင်းစွာဖြတ်သန်းနည်း။
လမ်းပေါ်တွင် 駐車/停車 (ရပ်နားခြင်းနှင့် ခေတ္တရပ်ခြင်း) ပြုလုပ်ရာတွင်လိုက်နာရမည့်စည်းကမ်းများ။
အန္တရာယ်ရှိသောနေရာများ၊ အဝေးပြေးလမ်းနှင့် အရေးပေါ်တုံ့ပြန်မှု (危険な場所・高速道路・緊急時)
ညခါမောင်းနှင်ခြင်း (夜間) နှင့် မိုးသည်းထန်ခြင်း၊ ရာသီဥတုဆိုးရွားချိန် (悪天候) တွင်သတိပြုရမည့်အချက်များ။
အဝေးပြေးလမ်းမကြီးများပေါ်တွင်မောင်းနှင်ခြင်း (高速道路での走行) ဆိုင်ရာစည်းကမ်းများနှင့် သတိပြုရန်အချက်များ။
ယာဉ်တိုက်မှု၊ စက်ချို့ယွင်းမှု သို့မဟုတ် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့ရပါက လုပ်ဆောင်ရမည့် အရေးပေါ်အဆင့်ဆင့် (緊急時の措置)။
၂။ 接遇編 - ဝန်ဆောင်မှုပေးခြင်းနှင့် ယာဉ်ထိန်းသိမ်းမှုပိုင်း
ဘတ်စ်ကားယာဉ်မောင်းတစ်ဦးအနေဖြင့်ခရီးသည်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံရသည့်လုပ်ငန်းစဉ်များ၊ ဧည့်ဝတ်ကျေပွန်မှု (Omotenashi) နှင့် တာဝန်စတင်/ပြီးဆုံးချိန် လုပ်ငန်းစဉ်များကို သင်ကြားပေးပါမည်။
ဘတ်စ်ကားယာဉ်မောင်း၏ ကျင့်ဝတ်နှင့် Roll-Call (バス運転者の心得・点呼)
Roll-Call စစ်ဆေးခြင်း (点呼): တာဝန်မစမီနှင့် တာဝန်ပြီးဆုံးချိန်တွင်မျက်နှာချင်းဆိုင်စစ်ဆေးခြင်း (対面点呼)၊ ကျန်းမာရေးနှင့် ပင်ပန်းနွမ်းနယ်မှုစစ်ဆေးခြင်း၊ အယ်လ်ကိုဟောတိုင်းတာခြင်း (Alcohol Breath Test) နှင့် အရက်သောက်စားမောင်းနှင်မှုအပေါ်တားမြစ်ချက်များ။
ယာဉ်ထိန်းသိမ်းခြင်း (帰庫対応・清潔保持): တာဝန်ပြီးဆုံး၍ဂိတ်ပြန်ရောက်ချိန်တွင်ကားအနောက်ဆုံးအထိသွားရောက်၍ ခရီးသည် သို့မဟုတ် မေ့ကျန်ခဲ့သောပစ္စည်းများ (忘れ物) ရှိမရှိစစ်ဆေးခြင်းနှင့် ကားအတွင်းပိုင်းသန့်ရှင်းရေး片付け ပြုလုပ်ခြင်း။
ဧည့်ဝတ်ကျေပွန်မှုနှင့် ဘတ်စ်ကားလုပ်ငန်းစဉ်များ (接客全般・運賃収受・ドア開閉)
ဧည့်ဝတ်ကျေပွန်မှုအခြေခံ (接客全般): စီးနင်းသူများအပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံပြောဆိုနည်းနှင့် သပ်ရပ်သော ယူနီဖောင်းဝတ်ဆင်မှု။
ဘတ်စ်ကားအတွင်းလုပ်ငန်းစဉ်များ (運賃収受・ドア開閉): တရားဝင်သတ်မှတ်ထားသောယာဉ်စီးခများကိုစနစ်တကျလက်ခံရယူခြင်း (運賃収受)။
ကားတံခါးအဖွင့်အပိတ်လုပ်ဆောင်ချက် (ドアの開閉操作): ကားလုံးဝရပ်တန့်ပြီးမှတံခါးဖွင့်ခြင်း၊ တံခါးပိတ်သည့်အခါကြည့်မှန်များမှတစ်ဆင့်ခရီးသည် သို့မဟုတ် အထုပ်အပိုးများညှပ်မိခြင်းမရှိစေရန်အသေအချာအတည်ပြုပြီးမှထွက်ခွာခြင်း။
အထူးလိုအပ်ချက်ရှိသူများအားကူညီခြင်းနှင့် အရေးပေါ်လူနာတုံ့ပြန်မှု (障がい者対応・急病人対応)
အထူးလိုအပ်ချက်ရှိသူများအားကူညီခြင်း (障がい者/高齢者対応): သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများကားအတက်အဆင်းပြုလုပ်သည့်အခါစိတ်ရှည်စွာကူညီပေးခြင်း။
ဘီးတပ်ကုလားထိုင် (Wheelchair) အသုံးပြုသူများအတွက်: ဘတ်စ်ကားစောင်းပြား (Slope) ကိုအသုံးပြု၍ကားပေါ်သို့ ဘေးကင်းစွာတင်ဆောင်နည်းနှင့် ကားပေါ်တွင် ဘီးတပ်ကုလားထိုင်ကို စနစ်တကျ လော့ခ်ချနည်း။
ကားတွင်းမတော်တဆမှုကာကွယ်ခြင်း: ကားမောင်းနေစဉ်ခရီးသည်များ လဲကျခြင်း (In-vehicle accidents) မဖြစ်ပွားစေရန်အတွက်ကွေ့သည့်အခါ သို့မဟုတ် ဘရိတ်နင်းသည့်အခါ ကားအတွင်းအသံချဲ့စက်ဖြင့်ကြိုတင်အသိပေး နှိုးဆော်ခြင်း (乗客への声かけ)။
အရေးပေါ်လူနာတုံ့ပြန်ဆောင်ရွက်ရမည့်နည်းလမ်းများ (急病人に対する対応): ကားပေါ်တွင်ခရီးသည်များထဲမှ ရုတ်တရက်ဖျားနာသူရှိလာပါကလုပ်ဆောင်ရမည့်အချက်များ။
သင်တန်း၏ရည်ရွယ်ချက် (Course Objective)
ဤသင်တန်းသည်ဂျပန်နိုင်ငံ 公益社団法人 日本バス協会 (Japan Bus Association) ၏တရားဝင်စာအုပ်ပါအကြောင်းအရာများကို ၇ နာရီအတွင်းအပြည့်အဝ အကျုံးဝင်အောင်သင်ကြားပေးမည်ဖြစ်ပြီး ၊ ဂျပန်နိုင်ငံ၏ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေး လုပ်ငန်းခွင်တွင်မဖြစ်မနေလိုအပ်သောတရားဝင်ဥပဒေများ၊ ဘေးကင်းလုံခြုံရေးဆိုင်ရာမောင်းနှင်မှုအသိပညာများနှင့် ဖောက်သည်ဝန်ဆောင်မှု (Omotenashi) ဆိုင်ရာကျွမ်းကျင်မှုများကိုအပြည့်အဝရရှိစေရန်ရည်ရွယ်ပါသည်။
第1節 (だい1せつ): 基本的 (きほんてき) な 心構 (こころが) え
အခြေခံသဘောထားများ၊ စိတ်နေစိတ်ထားများ
第2節 (だい2せつ): 信号 (しんごう)、標識 (ひょうしき)・標示 (ひょうじ) に 従 (したが) うこと
ယာဉ်မောင်းနှင်မှုနှင့် သက်ဆိုင်သော အချက်ပြမီး၊ လမ်းညွှန်ဆိုင်းဘုတ်များအား လိုက်နာခြင်း
Part 1
第2節 (だい2せつ): 信号 (しんごう)、標識 (ひょうしき)・標示 (ひょうじ) に 従 (したが) うこと ယာဉ်မောင်းနှင်မှုနှင့် သက်ဆိုင်သော အချက်ပြမီး၊ လမ်းညွှန်ဆိုင်းဘုတ်များအား လိုက်နာခြင်း Part 2
第3節 (だい3せつ): 警察官 (けいさつかん) など の 指示 (しじ) に 従 (したが) うこと
ရဲအရာရှိများ၏ ညွှန်ကြားချက်များအား လိုက်နာခြင်း
第4節 (だい4せつ): 道路 (どうろ) で してはいけないこと など
လမ်းပေါ်တွင် မလုပ်ဆောင်သင့်သောလုပ်ရပ်များ
1.2 車を運転する前の心得(くるまをうんてんするまえのこころえ)
ကားမောင်းခါနီးသတိထားရမည့်အချက်များ
第1節 (だい1せつ): 運転 (うんてん) に 当 (あ) たって の 注意 (ちゅうい)
မောင်းနှင်ရာတွင်သတိပြုရမည့်အချက်များ
第2節 (だい2せつ): 運転免許 (うんてんめんきょ) の 仕組み (しくみ)
ယာဉ်မောင်းလိုင်စင်ဆိုင်ရာသိမှတ်ဖွယ်ရာများ
第3節 (だい3せつ): 自動車 (じどうしゃ) の 点検 (てんけん)
ယာဉ်အားစစ်ဆေးခြင်း
1.3 車の運転の方法(くるまのうんてんのほうほう)
ကားမောင်းနှင်နည်း
第1節 (だい1せつ): 安全 (あんぜん) な 発進 (はっしん)
ဘေးကင်းလုံခြုံစွာ စတင်မောင်းနှင်ခြင်း
第2節 (だい2せつ): 車 (くるま) の 通行 (つうこう) するところ
ယာဉ်မောင်းနှင်ရမည့် လမ်းကြောင်းများ
第3節 (だい3せつ): 歩行者 (ほこうしゃ) の 保護 (ほご) など
လမ်းသွားသူများအား ကာကွယ်ပေးခြင်း
第4節 (だい4せつ): 安全 (あんぜん) な 速度 (そくど) と 車間距離 (しゃかんきょり)
လုံခြုံသောအရှိန်နှုန်းနှင့် ယာဉ်ချင်းကြားအကွာအဝေး
第5節 (だい5せつ): 進路変更 (しんろへんこう) など
လမ်းကြောင်းပြောင်းလဲခြင်း
第6節 (だい6せつ): 追越 (おいこ) し など
အခြားယာဉ်ကို ကျော်တက်ခြင်း
第7節 (だい7せつ): 交差点 (こうさてん) の 通 (とお) り 方 (かた)
လမ်းဆုံလမ်းခွများအားဖြတ်သန်းမောင်းနှင်ခြင်း
1.4 危険な場所などでの運転(きけんな ばしょなどでのうんてん)
အန္တရာယ်ရှိသောနေရာများတွင်ကားမောင်းခြင်း
第1節 (だい1せつ): 踏切 (ふみきり)
မီးရထားလမ်းကူး
第2節 (だい2せつ): 坂道 (さかみち)・カーブ
တောင်ကုန်းလမ်းနှင့် အကွေ့အကောက်များ
第3節 (だい3せつ): 夜間 (やかん)
ညအချိန်မောင်းနှင်ခြင်း
第4節 (だい4せつ): 悪天候 (あくてんこう) など
ရာသီဥတုဆိုးရွားချိန်တွင် မောင်းနှင်ခြင်း
1.5 高速道路での走行(こうそくどうろでのそうこう)
အမြန်လမ်းမပေါ်တွင်ကားမောင်းခြင်း
第1節 (だい1せつ): 高速道路 (こうそくどうろ) に 入 (はい) る 前 (まえ) の 心得 (こころえ)
အမြန်လမ်းမကြီးပေါ် မဝင်ရောက်မီသိထားရမည့်အချက်များ
第2節 (だい2せつ): 走行上 (そうこうじょう) の 注意 (ちゅうい)
မောင်းနှင်ရာတွင် သတိပြုရန်အချက်များ
1.6 バス運転者の心得(ばすうんてんしゃ のこころえ)
ဘတ်စ်ကားမောင်းသူများသိထားရမည့်အချက်မျာ
1.7 交通事故、故障、災害などのとき(こうつうじこ、こしょう、さいがいなどのとき)
ယာဉ်တိုက်မှု၊ ယာဉ်ချို့ယွင်းမှု၊ သဘာဝဘေးအန္တရာယ်ဖြစ်ချိန်တွင်
第1節 (だい1せつ): 交通事故 (こうつうじこ) の とき
ယာဉ်မတော်တဆမှုဖြစ်ပွားချိန်
第2節 (だい2せつ): 故障 (こしょう) など の とき
ယာဉ်ချို့ယွင်းမှုဖြစ်ပွားချိန်
第3節 (だい3せつ): 災害 (さいがい) など の とき
သဘာဝဘေးအန္တရာယ်ဖြစ်ပွားချိန်
1.8 帰庫対応(きこたいおう)
ကားပြန်ရောက်ချိန်လုပ်ဆောင်ရမည့်အရာများ
1.9 清潔保持(洗車等)(せいけつ ほじ(せんしゃなど)
ကားသန့်ရှင်းရေး (ကားဆေးခြင်းအပါအဝင်)
1.10 点呼(てんこ)
အမည်စာရင်းခေါ်ခြင်း
2.1 接客全般(せっきゃくぜんぱん) ခရီးသည်များအားဝန်ဆောင်မှုပေးခြင်း (အထွေထွေ) PART 1
2.1 接客全般(せっきゃくぜんぱん) ခရီးသည်များအားဝန်ဆောင်မှုပေးခြင်း (အထွေထွေ) PART 2
2.2 障 害者/高齢者対応(しょうがいしゃ/こうれいしゃたいおう)
အထူးလိုအပ်ချက်ရှိသူများ/သက်ကြီးရွယ်အိုများအားကူညီခြင်း
PART 1
2.2 障 害者/高齢者対応(しょうがいしゃ/こうれいしゃたいおう) အထူးလိုအပ်ချက်ရှိသူများ/သက်ကြီးရွယ်အိုများအားကူညီခြင်း PART 2
2.2 障 害者/高齢者対応(しょうがいしゃ/こうれいしゃたいおう) အထူးလိုအပ်ချက်ရှိသူများ/သက်ကြီးရွယ်အိုများအားကူညီခြင်း PART 3
2.3 運賃収受(うんちんしゅうじゅ)
ယာဉ်စီးခကောက်ခံခြင်း
2.4 手荷物(トランクサービス・忘れ物等)(てにもつ (とらんくさーびす・わすれものなど)) ခရီးဆောင်အိတ်များ PART 1
2.4 手荷物(トランクサービス・忘れ物等)(てにもつ (とらんくさーびす・わすれものなど)) ခရီးဆောင်အိတ်များ PART 2
2.5 ドアの開閉操作(どあのかいへいそうさ)
ယာဉ်တံခါးဖွင့်ခြင်း/ပိတ်ခြင်းလုပ်ဆောင်ချက်
2.6 急 病 人対応(きゅうびょうにんたいおう)
အရေးပေါ်ဖျားနာသူများအအတွက်အရေးပေါ်တုံ့ပြန်မှု
2.7 事故対応(じこたいおう)
မတော်တဆမှုများအားတုံ့ပြန်ဆောင်ရွက်ခြင်း
PART 1
2.7 事故対応(じこたいおう) မတော်တဆမှုများအားတုံ့ပြန်ဆောင်ရွက်ခြင်း PART 2