About
ကျနော်က Kaigo Navi Caregiver knowledges Page က ကိုဘုန်းမြင့်မိုရ် ဖြစ်ပါတယ်။ လက်ရှိမှာ ဂျပန်နိုင်ငံ ဖုကုအိုကမြို့မှာရှိတဲ့ အထူးဖိုးဖွားစောင့်ရှောက်ရေးဂေဟာတစ်ခုမှာ အလုပ်ဝင်နေပါတယ်။
ဂျပန်တက္ကသိုလ်မှာ ပြုစုစောင့်ရှောက်ရေးဘာသာရပ်ကို ၂ နှစ်တက်ရောက်ခဲ့ပြီး ဂျပန်အစိုးရကစစ်တဲ့ ဖိုးဖွားပြုစုစောင့်ရှောက်ရေးလိုင်စင်စာမေးပွဲကိုလည်း အောင်မြင်ထားပြီးဖြစ်ပါတယ်။
လက်ရှိမှာ Nexlynk နဲ့အတူ ဖိုးဖွားစောင့်ရှောက်ရေးပညာကို စိတ်ဝင်စားကြတဲ့ မြန်မာနိုင်ငံမှ ညီ ညီမတို့ကို ဖိုးဖွားစောင့်ရှောက်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေကို မျှဝေသွားနိုင်ဖို့ ကြိုးစားနေပါတယ်။