About this course
ယခုသင်ခန်းစာတွင် ဖိုးဖွားစောင့်ရှောက်ရေးလုပ်ငန်းခွင်ရဲ့ သတင်းပို့ခြင်းနှင့် နေ့စဥ်မှတ်တမ်းရေးသားတာကို အခြေခံကနေစပြီး ဘယ်လိုပြောဆိုရမလဲ ရေးသားရမလဲဆိုတာကို ဖော်ပြထားပါတယ်။ အခြေခံပိုင်နိုင်မှသာ မိမိကိုယ်ပိုင်ဝါကျလေးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်။သတင်းပို့တဲ့အခါမှာ စကားပြောသလို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်ပေမယ့် မှတ်တမ်းရေးသားတဲ့အခါ သက်သေအနေနဲ့ကျန်ခဲ့မှာမို့ ရိုင်းတဲ့အရေးအသားလေးတွေ မဖြစ်အောင် သတိထားသင့်ပါတယ်။ ဂေဟာတစ်ခုနဲ့တစ်ခုတော့ အသုံးအနှုန်းလေးတွေမတူတာမို့ ယခုသင်ခန်းစာပါ စကားလုံးတိုင်းလည်း သေချာပေါက် မိမိဂေဟာမှာ အသုံးပြုနိုင်မယ်ဆိုပြီးတော့ အာမမခံနိုင်ပါဘူးခင်ဗျာ။ မိမိဂေဟာမှာသုံးတဲ့ စကားပြောနဲ့အရေးအသားကိုသာ ဦးစားပေးလေ့လာမှတ်သားစေလိုပါတယ်။
ယခုသင်ခန်းစာတွင် ဖိုးဖွားစောင့်ရှောက်ရေးလုပ်ငန်းခွင်ရဲ့ သတင်းပို့ခြင်းနှင့် နေ့စဥ်မှတ်တမ်းရေးသားခြင်းအခြေခံအချက်များကို ဖော်ပြထားပါတယ်။ အခြေခံပိုင်နိုင်မှသာ မိမိကိုယ်ပိုင်ဝါကျလေးတွေတည်ဆောက်နိုင်မှာဖြစ်ပါတယ်။
ယခုသင်ခန်းစာတွင် အသုံးများသော စာကြောင်းများကို ဖော်ပြထားပါတယ်။ နမူနာယူပြီး ကိုယ်ပိုင်ဝါကျများတည်ဆောက်ကြည့်ပါ။
ယခု သင်ခန်းစာတွင် ဖိုးဖွားများကို မနက်အိပ်ယာနှိုးရာတွင် တွေ့ရတတ်သော အခြေအနေများကို သတင်းပို့ခြင်း မှတ်တမ်းရေးခြင်း တွင် သုံးသည့် စကားလုံးများကို ဖော်ပြထားပါတယ်။ kanji များခက်သောကြောင့် သေချာကျက်မှတ်ရန် လိုပါသည်။
ယခုသင်ခန်းစာတွင် ဖိုးဖွားတွေမတော်ဆမှုဖြစ်ပွားတဲ့အခါမှာ တွေ့ရတတ်တဲ့အဖြစ်အပျက်များကို ဘယ်လိုသတင်းပို့မလဲ ဘယ်လိုနေ့စဥ်မှတ်တမ်းရေးမလဲဆိုတာကို ဖော်ပြထားပါတယ်။ အတုယူပြီး ကိုယ်ပိုင်ဝါကျများတည်ဆောက်ပါ။
ယခုသင်ခန်းစာတွင် ဖိုးဖွားတွေကို ဆေးဖက်ဆိုင်ရာအကူအညီပေးတဲ့အခါမှာ တွေ့ရတတ်တဲ့အဖြစ်အပျက်များကို ဘယ်လိုသတင်းပို့မလဲ ဘယ်လိုနေ့စဥ်မှတ်တမ်းရေးမလဲဆိုတာကို ဖော်ပြထားပါတယ်။ အတုယူပြီး ကိုယ်ပိုင်ဝါကျများတည်ဆောက်ပါ။