About
မင်္ဂလာပါရှင့်
Mei-明 Japanese Language Center ရဲ့ နည်းပြ May Myat Mon ပါရှင့်။
မေမြတ် ၂၀၁၃ ခုနှစ်က ဂျပန်စာကို စတင်လေ့လာခဲ့တာမို့ အခုဆို ၁၂ နှစ်သက်တမ်းရှိခဲ့ပါပြီ။
ဒါပေမယ့် ဘာသာစကားက ကျယ်ပြန့်တာမို့ လေ့လာစရာတွေကတော့ မကုန်နိုင်သေးသလို အမြဲ အသစ်အသစ်တွေ လေ့လာရတာကိုလည်း သဘောကျပါတယ်။
၂၀၁၉ ခုနှစ်မှာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် YUFL ဂျပန်ဘာသာအထူးပြုနဲ့ ဘွဲ့ရရှိခဲ့ပြီး၊
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ SOKA University တွင် MAKIGUCHI Foundation မှ ပေးအပ်တဲ့ Full Scholarship ဖြင့် EXCHANGE STUDENT အနေဖြင့် ၁ နှစ် တက်ရောက်ခဲ့ပြီး ၊
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ TOKYO UNIVERSITY OF FOREIGN STUDIES တွင် MEXT Scholarship ဖြင့် ၂ နှစ် ပညာလေ့လာဆည်းပူးခွင့်ရခဲ့ပါတယ်။
၂၀၁၇ ခုနှစ်မှာ N1 ပထမဆုံးဝင်ရောက်ဖြေဆိုခဲ့ပြီး အောင်မြင်ခဲ့ပါတယ်။
တခြား EJU, J TEST, JPET, BJT အစရှိတဲ့ စာမေးပွဲများကိုလည်း ဝင်ရောက်ဖြေဆိုခဲ့ပါတယ်။
日本語教師養成講座 ဂျပန်ဘာသာနည်းပြလေ့ကျင့်သင်ကြားရေးအတန်း ကိုလည်းတက်ရောက်ခဲ့ပါတယ်
မေမြတ် ပထမဆုံး BJT စဖြေတာက ၂၀၁၅ခုနှစ် N2 LEVEL တက်ရောက်နေစဥ်မှာ ဖြေဆိုခဲ့ပြီး J2 ရရှိခဲ့ပါတယ်။
ဖြေထားတာအရမ်းကြာနေပြီဖြစ်တာရော အခုကိုယ်တိုင် BJT အတန်းဖွင့်လှစ်သင်ကြားဖို့ စဥ်းစားတဲ့အခါ ဒုတိယတကြိမ် အနေနဲ့ ၂၀၂၅ ခုနှစ် ဇန်နဝါရီလတုန်းက ဝင်ရောက်ဖြေဆိုပြီး J1 (592点)ရရှိခဲ့ပါတယ်။ J1+ ကိုရည်မှန်းထားတာမို့ နောက်ထပ်ဖြေဖို့ စိတ်ကူးလည်းရှိပါတယ်။
အခုလက်ရှိ ဂျပန်နိုင်ငံမှာ ဂျပန်ဘာသာပြန်၊ စကားပြန်အနေဖြင့် အလုပ်လုပ်နေရင်း တဖက်မှာ
ဂျပန်ဘာသာနည်းပြလေ့ကျင့်သင်ကြားရေးအတန်းကိုလည်း တက်ရောက်ပြီးဆုံးခဲ့ပါတယ်။
ဂျပန်ဘာသာနဲ့ဘွဲ့ရထားပြီး ဂျပန်တက္ကသိုလ်တွေမှာလည်း ဂျပန်စာကိုလေ့လာခဲ့တယ်ဆိုပေမယ့် ဂျပန်ဘာသာစကားကို နည်းပြတယောက်အနေနဲ့ စနစ်တကျ ပြန်သင်နိုင်ဖို့ဆိုရင် ဘာသာစကားကို ရေးဖတ်ပြောဆိုဆက်သွယ်နိုင်ရုံနဲ့ မလုံလောက်ပဲ သင်ကြားရေးနည်းစနစ်တွေ၊ ဘာသာစကားလေ့လာနည်းတွေ၊ သင်ယူလေ့လာမှုပိုင်းဆိုင်ရာ စိတ်ပညာသဘောတရားတွေ၊ ကျောင်းသားတွေရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ကြားရေးပုံစံတွေကို ကောင်းစွာနားလည်သဘောပေါက်ထားရင် ကျောင်းသားတွေကို လက်ရှိထက် ပိုမိုကောင်းမွန်တဲ့ QUALITY EDUCATION ပေးနိုင်မယ်လို့ ယူဆပြီး ဂျပန်ဘာသာနည်းပြ လေ့ကျင့်သင်ကြားရေးသင်တန်းကို တက်ရောက်ဖြစ်ခဲ့တာပါ။
ဘာသာရပ် ၁၅ ခုကို ရေးဖြေစာမေးပွဲ ၁၂ခု၊ နိုင်ငံအစုံက နိုင်ငံခြားသားတွေကို လက်တွေ့ပြန်သင်ကြားပြရတဲ့ ဘာသာရပ် ၃ခု ရှိခဲ့ပါတယ်။ ဘာသာရပ် ၁၅ ခုလုံး အမြင့်ဆုံး A 評価နဲ့ ရေးဖြေ ဘာသာရပ် ၁ခုနဲ့ လက်တွေ့ဘာသာရပ် ၁ခုမှာ 100点 ရရှိခဲ့ပါတယ်။
ဂျပန်လူမျိုးအယောက် ၅၀ ဝန်းကျင်ကြားထဲ နိုင်ငံခြားသားတစ်ယောက်တည်းပါတဲ့ ကိုယ်က သူတို့ရှေ့မှာ သူတို့ရဲ့ မိခင်ဘာသာစကားအကြောင်းကို DIRECT METHOD နဲ့ ကြားခံဘာသာစကားမသုံးပဲ ပြန်သင်ပြခဲ့ရတာမို့ အတော်လေး CHALLENGE ဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် မထင်မှတ်ပဲ 教案作成အပိုင်းရော 実習授業အပိုင်းရော အမှတ်ပြည့်ရခဲ့တာမို့ တကယ်ကို အပျော်ဆုံးပါပဲ။
အဲ့ဒီအတွေ့အကြုံတွေကို အသုံးချပြီး-
Mei-明 Japanese Language School
Instructor - Ingyin Moe先生
Education Background
・Electrical And Communication Engineering Department, Yangon Technology University(2018~2019)
・MEXT Specialized Training College student One year Preparatory Course, Bunka Institute of Language(2024~2025)
・Business Japanese Interpreting course, Bunka Institute of Language
(2025~) နှင့် ပူးပေါင်းကာ JLC ဟာ ဂျပန်စာလေ့လာနေသူများ အဆင်ပြေချောမွေ့စွာလေ့လာသင်ယူနိုင်အောင် အစဉ်အမြဲကြိုးပမ်းလျှက်ရှိပါတယ်။
ဒီတစ်ခေါက်မှာတော့ online learning platform ဖြစ်တဲ့ NexLynk နဲ့အတူလက်တွဲပြီး Mei-明 JLC မှ video class အတန်းတစ်ချို့ကို Application မှတစ်ဆင့် စတင်လေ့လာလို့ရတော့မှာဖြစ်ပါတယ်။✨
ဂျပန်စာလေ့လာရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများနဲ့ အားနည်းချက်များကို ယုံကြည်ချက်ရှိရှိကျော်လွှားရင်း JLPT exam မှာလည်း ရလာဒ်ကောင်းများရယူနိုင်အောင် ယခုပဲ Mei-明JLC နှင့်အတူ ကြိုးစားကြပါစို့!