BJTビジネス日本語能力テスト 公式模擬テスト&ガイド Course
in BJT (Business Japanese Proficiency Test)About this course
ဂျပန်ကုမ္ပဏီမှာ ရာထူးတိုး၊
လစာတိုးပြီး အောင်မြင်တဲ့
Business Professional တစ်ယောက်
ဖြစ်ချင်ပါသလား။
JLPT တင်မကဘဲ
ဂျပန်လုပ်ငန်းခွင်မှာ တကယ်သုံးရတဲ့
Business Japanese နဲ့
Business Manners များကို
ကျွမ်းကျင်လိုသူများအတွက်
BJT (Business Japanese Proficiency Test) သီးသန့်အတန်းကို ဖွင့်လှစ်လိုက်ပါပြီ။
နည်းပြ 先生ကတော့ အားလုံးသိပြီး
ကျောင်းသား/သူတွေက
BJT Queen လို့ တင်စားကြတဲ့
Mei-明Japanese Language Center ရဲ့
May Myat Mon先生
B.A Japanese (YUFL)
N1 Passed
2016~2017 : Soka University Japan ( Makiguchi Scholarship )
2019~2021 : Tokyo University of Foreign Studies ( MEXT Scholarship )
Japanese Language Teacher Training Program ဖြစ်ပါတယ်။
BJTビジネス日本語能力テストမှာ
(1)公式模擬テスト&ガイド
(2)聴解.聴読解
(3)読解
(4)模擬試験と対策
(5) 聴解.聴読解実践問題集ဆိုတဲ့
စာအုပ်(၅)အုပ်ကို အသုံးပြုမှာဖြစ်ပြီး
တစ်ယောက်နဲ့တစ်ယောက်
အားနည်း၊အားသာချက်မတူတာဖြစ်တဲ့အတွက်
ကိုယ်လေ့လာချင်တဲ့ ဘာသာရပ်ကို
ရွေးချယ်လေ့လာလို့ ရအောင်
စာအုပ်တစ်အုပ်ချင်းစီ
Course ဖွင့်လှစ်ပါဖြစ်ပါတယ်
ပထမဆုံးCourse အနေနဲ့
BJTビジネス日本語能力テストမ
(1)公式模擬テスト&ガイド
စာအုပ်ကို အသုံးပြုမှ၍ဖြစ်ပါတယ်။
Course ကပြင်စင်နေဆဲဖြစ်လို့
BJTဘယ်Course ကိုပဲတက်တက်
အရင်ဆုံးမဖြစ်မနေ လေ့လာရမယ့်
အခြေခံvideo (၃)ပုဒ်ကို
အရင်လေ့လာထားပြီး
Google form testလေးဖြေကြည့်ပါခဗျ
ပထမဆုံးဖွင့်မည့်Course မှာတော့
တရားဝင်ထုတ်ဝေထားတဲ့
"BJT 公式模擬テスト&ガイド
စာအုပ်ကို အခြေခံပြီး
စနစ်တကျ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။
BJT စာမေးပွဲမှာ
အမှတ်ကောင်းကောင်း ရရှိရုံတင်မကဘဲ၊ ဂျပန်လူမျိုး လုပ်ဖော်ကိုင်ဖက်/အထက်လူကြီးများနှင့် ယုံကြည်မှုရှိရှိ ပေါင်းသင်းဆက်ဆံနိုင်စေဖို့ ဦးတည်ပြင်ဆင်ပေးသွားမည် ဖြစ်ပါသည်။
ဒီသင်တန်းကို မဖြစ်မနေ တက်ရောက်သင့်သူများ
ဂျပန်ကုမ္ပဏီများတွင် လုပ်ကိုင်နေပြီး ရာထူးတိုး/လစာတိုး ရရှိလိုသူများ
ဂျပန်နိုင်ငံတွင် အလုပ်အကိုင်၊ဗီဇာလျှောက်ထားရန် ပြင်ဆင်နေသူများ
JLPT N3/N2 အဆင့်ရှိပြီး လုပ်ငန်းခွင်သုံး စကားပြောနှင့် စာလွှာများကို ကျွမ်းကျင်ချင်သူများ
BJT စာမေးပွဲတွင် J2 / J1 / J1+ အဆင့်များ ပန်းတိုင်ထားသူများ
[သင်တန်းတွင် သင်ကြားပေးမည်များ - Course Content]
၁။ BJT စာမေးပွဲ ကိုအပြည့်အဝ နားလည်စေခြင်း (Guidance & Test Overview)
BJT စာမေးပွဲ၏ မေးခွန်းပုံစံများနှင့် အမှတ်ပေးစနစ် (Scoring System) အကြောင်း အသေးစိတ်
စာမေးပွဲတွင် အချိန်ကို ထိရောက်စွာ အသုံးပြုနည်းနှင့် မေးခွန်းဖြေဆိုခြင်းဆိုင်ရာ နည်းဗျူဟာများ (Exam Strategies)
၂။ လုပ်ငန်းခွင်သုံး သုံးနှုန်းမှုများ (Business Expressions & Vocabulary)
Keigo (敬語): Sonkeigo, Kenjougo နှင့် Teineigo များကို လုပ်ငန်းခွင်တွင် အမှန်တကယ့် မှန်ကန်စွာ အသုံးပြုနည်း
Business Terms: ရုံးသုံးစကား၊ အီးမေးလ်သုံးစကား၊ ဖုန်းဖြေဆိုခြင်းနှင့် အစည်းအဝေးသုံး စကားလုံးများ
၃။ နားထောင်မှု စွမ်းရည် တိုးတက်စေခြင်း (Listening Comprehension)
聴解 (Listening): ဓာတ်ပုံ/ဇယားများကို ကြည့်ပြီး ချက်ချင်း မေးခွန်းဖြေဆိုနိုင်သည့် လေ့ကျင့်ခန်းများ
聴読解 (Listening & Reading): သတင်းအချက်အလက်၊ ဇယားများနှင့် အသံဖိုင်ကို တစ်ပြိုင်နက် နားလည်တွေးဆနိုင်အောင် လေ့ကျင့်ပေးခြင်း
၄။ စာဖတ်စွမ်းရည်နှင့် လုပ်ငန်းခွင် စာရွက်စာတမ်းများ (Reading Comprehension)
読解 (Reading): ဂျပန်ကုမ္ပဏီသုံး အီးမေးလ်များ၊ အစီရင်ခံစာများ (報連相 - Horenso) နှင့် ကြေညာချက်များကို မြန်ဆန်စွာ ဖတ်ရှုနားလည်နိုင်ရေး
စာမေးပွဲပါ စာပိုဒ်တို/စာပိုဒ်ရှည် မေးခွန်းများကို အချိန်တိုအတွင်း ဖြေဆိုနိုင်မည့် နည်းလမ်းများ
၅။ 公式模擬テスト (Official Mock Tests) လက်တွေ့ လေ့ကျင့်ခြင်း
စာအုပ်ပါ တရားဝင် မေးခွန်းဟောင်း/စံပြမေးခွန်းများကို အတန်းတွင်း လက်တွေ့ မေးခွန်းဟောင်းဖြေဆိုခြင်း
အပတ်စဉ် မေးခွန်းဖြေဆိုမှုများကို ဆရာကိုယ်တိုင် စစ်ဆေးပေးပြီး လိုအပ်သည့် အားနည်းချက်များကို သီးသန့် အကြံပြုပေးခြင်း (Feedback Session)
စသဖြင့် အသေးစိတ်ပါရှိမှာဖြစ်ပါတယ်
အရင်ဆုံး NexLynk Applicationမှာ
free video လေးတွေကို
အရင်လေ့လာကြည့်ပါနော်
သင်တန်းအပ်နှံရန် သို့မဟုတ်
အသေးစိတ်စုံစမ်းရန်
Nexlynk Facebook Page Messenger
မှဖြစ်စေ၊Application Messenger သို့ ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။