About
မင်္ဂလာပါရှင့်
Learn Japanese At MCube မှ Founder မျိုးမမဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်မှာ Technological University (Kyaukse) ကနေ Information Technology (IT) မေဂျာနဲ့ ဘွဲရရှိခဲ့ပါတယ်။
ဂျပန်စာကိုတော့ တက္ကသိုလ် ၅ နှစ်မြောက်ဖြစ်တဲ့ ၂၀၁၇ ခုနှစ်မှာ စတင်လေ့လာခဲ့ပြီး ၂၀၁၉ ခုနှစ်မှာ ကျောင်းပြီးပြီးချင်း JLPT N2 ကို အောင်မြင်ခဲ့ပါတယ်။ ဂျပန်စာကို ဆက်လက်လေ့လာရင်း IT အလုပ်လုပ်နေတဲ့အချိန်မှာပဲ အချိန်ပိုင်းအနေနဲ့ ဂျပန်စာကို စတင်သင်ကြားဖြစ်ခဲ့ပါတယ်။အဲဒီနောက်မှာလည်း ဂျပန်စာကို ဆက်လက်လေ့လာခဲ့ပြီး ၂၀၂၆ ခုနှစ် ဇူလိုင်လမှာ JLPT N1 ကို အောင်မြင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ် နိုဝင်ဘာလကနေစပြီး ဂျပန်စာသင်တန်းကျောင်းတစ်ခုမှာ အချိန်ပြည့်ဆရာမအဖြစ် တစ်နှစ်ခန့် သင်ကြားခဲ့ပါတယ်။ နောက်ပိုင်း COVID-19 ကာလအတွင်းမှာ Online Class တွေကနေ ဂျပန်စာသင်ကြားတာကို ဆက်လုပ်ဖြစ်ခဲ့ပါတယ်။
Online Class တွေကို ဆက်လက်သင်ကြားရင်း ၂၀၂၂ ခုနှစ် ဧပြီလမှာ IT အလုပ်နဲ့ ဂျပန်နိုင်ငံကို ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံကို ရောက်ပြီးနောက်မှာလည်း IT အလုပ်အပြင် ဂျပန်စာသင်ကြားတာကို မရပ်ဘဲ Online ကနေ ဆက်လက်သင်ကြားခဲ့ပါတယ်။
လက်ရှိမှာတော့ N5 ကနေ N1 အထိ Online Class တွေကို သင်ကြားပို့ချနေပြီး ဂျပန်စာသင်ကြားရေးအတွေ့အကြုံကလည်း ၆ နှစ်ကျော် ရှိလာပါပြီ။ ဒီကာလအတွင်း N5 ကနေ N2 အထိ ဂျပန်စာလေ့လာနေတဲ့ ကျောင်းသားကျောင်းသူများစွာကို သင်ကြားပေးခဲ့ပြီး JLPT level အလိုက် အောင်မြင်မှုများစွာရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။
Learn Japanese At MCube ဆိုတဲ့ Page လေးကတော့ ၂၀၂၄ ခုနှစ်မှာ N2 Tango 2500 ကို MCube မြန်မာဘာသာပြန်အဖြစ် စတင်ထုတ်ဝေဖြစ်ခဲ့ရာကနေ တဖြည်းဖြည်းနဲ့ ဖြစ်လာခဲ့တာပါ။
စာအုပ်ထုတ်ဝေတာနဲ့အတူ ဂျပန်စာလေ့လာနေသူတွေအတွက် အခမဲ့လေ့လာနိုင်အောင် Learn Japanese At MCube YouTube Channel ကနေ ပညာဒါနသင်ခန်းစာတွေလည်း မျှဝေပေးဖြစ်ခဲ့ပါတယ်။ N4၊ N3၊ N2 သင်ခန်းစာတွေအပြင် JLPT မေးခွန်းဟောင်းတွေကို ဘယ်လိုလေ့လာပြီး ဘယ်လိုဖြေရမလဲဆိုတာတွေလည်း မျှဝေပေးခဲ့ပါတယ်။
ဒါ့အပြင် ဂျပန်စာလေ့လာသူတွေအတွက် မြန်မာဘာသာနဲ့ လေ့လာရလွယ်ကူစေဖို့အတွက် ဘာသာပြန်စာအုပ်တွေကို ထုတ်ဝေလျက်ရှိပါတယ်။ လက်ရှိမှာတော့
N2 Tango 2500 MCube မြန်မာဘာသာပြန်
N2 Shinkanzen Master Kanji မြန်မာဘာသာပြန်
N3 Tango 2000 MCube မြန်မာဘာသာပြန်
N3 Mimikara Oboeru Goi မြန်မာဘာသာပြန်
N3 Kanji Master မြန်မာဘာသာပြန် ကိုထုတ်ဝေထားပြီးဖြစ်ပါတယ်။ ဆက်လက်ပြီး အခြားမြန်မာဘာသာပြန်စာအုပ်များကို ထုတ်ဝေဖို့လည်း အစီအစဉ်ရှိပါတယ်။
ဂျပန်စာကို စလေ့လာခဲ့တဲ့အချိန်ကနေ အခုချိန်ထိ ပြန်ကြည့်မယ်ဆိုရင် ကိုယ်တိုင်လည်း အများကြီးလေ့လာခဲ့ရသလို သင်ကြားရင်းနဲ့လည်း အများကြီး ပြန်သင်ယူခဲ့ရပါတယ်။
ဂျပန်ဘာသာစကားက လေ့လာလေလေ လေ့လာစရာတွေ ပိုများလာတဲ့ ဘာသာစကားတစ်ခု ဖြစ်တာကြောင့် ကိုယ်တိုင်လည်း ဆက်ပြီးလေ့လာရင်း၊ သိလာသမျှတွေကိုလည်း ဂျပန်စာလေ့လာနေသူတွေနဲ့ ဆက်ပြီးမျှဝေပေးသွားချင်ပါတယ်။
Learn Japanese At MCube ကိုလည်း ဂျပန်စာလေ့လာနေသူတွေအတွက် တကယ်အသုံးဝင်တဲ့နေရာလေးတစ်ခုဖြစ်လာအောင် ဆက်ပြီးကြိုးစားသွားပါမယ်။