About this course
N3 Reading ဖြေနည်းကို စနစ်တကျ အသေးစိတ်သင်ပေးထားပါတယ် Reading ဆိုတာ မေးခွန်းတွေ ဖတ်ပြီး ဖြေရှင်းခိုင်းတာပါ ဘာသာပြန်ခိုင်းတာ မဟုတ်ပါ
ဘာသာပြန်နေကြတဲ့အတွက် လိုရင်းအဖြေမထွက်ပဲ မှားဖြေတတ်ကြတာပါ စာမှန်မှန် ဖတ်ခိုင်းနေတာ မဟုတ်ပါဘူး
စာပုဒ်တွေ ဘာသာပြန်ဖတ်တာ ပြီးပြည့်စုံပြီ အဖြေမှန်ထွက်ပါမယ်လို့ ထင်ပါသလား ??? အတိအကျဘာသာပြန်နေရင် အဖြေမှန်မထွက်တာများပါတယ် ဘာကြောင့်လဲ ??
(၁) Japan လူမျိုးမဟုတ်လို့ပါ ဘာကိုဆိုလိုတာလဲ အတိအကျ ဘာသာမပြန်နိုင်ပါဘူး ( ဒါကြောင့် လိုရင်းကိုပဲ ရှာပြီး အဖြေရှာရတာပေါ့ )
(၂) Kanji အသံထွက်မသိလို့ ရှေ့ဆက်မဖတ်နိုင်ခြင်း အသံထွက်ဖတ်နေရတာနဲ့ အချိန်ပေးနေရခြင်း( အသံထွက်မသိလဲ Kanji စကားလုံးလေးတွေကို မြန်မာလို မှတ်ထားရင် တိုက်ရိုက် ပြန်လို့ ရပါတယ်
(၃) တခေါက်ဖတ် ဒုတိယတခေါက် ပြန်ဖတ်ပြီးမှ ဘာသာပြန်တာကလဲ အချိန်အလဟသတ် ဖြစ်စေပါတယ် ( ဒါကြောင့် တခါတလေ တိုက်ရိုက်ပြန်ပစ်လိုက်တာ ပိုမြန် ပိုလွယ်ပါတယ်
ဒီ N3 Reading Video Course လေးမှာ အသေးစိတ်ကို ဆရာစားမချန် သေချာသင်ပေးထားပါတယ်
ကြည့်ရလွယ်အောင် သင်ခန်းစာတစ်ခုကို မိနစ် ၃၀ လောက်နဲ့ပြီးအောင် သင်ပေးထားပါတယ် စာအုပ်တစ်အုပ်လုံးစာ သင်ခန်းစာ ၂၁ဖိုင် ပါ
ဘာတွေသင်ရမလဲ ????
(၁) စာပုဒ်ဖတ်ပုံဖတ်နည်း
(၂) မေးခွန်းပုံစံ
(၃) အဖြေရွေးနည်း
စသဖြင့် အသေးစိတ်လေ့လာရလို့ Reading အတွက် စိတ်အေးစေရမယ်နော်
သင်ခန်းစာ ပြီးပါပြီ